WELCOME

Saturday, December 10, 2011

myanmar women's rights


မြန်မာအမျိုးသမီးများအခွင့်အရေး....
ု ဖွင့်ထားတဲ့အတွေးတွေနဲ့ သူမျိုးတွေသာ မိန်းမနဲ့ဆိုတာ လည်းလူပဲ...လူတစ်ယောက်မို့ သူ့မှာလည်း လူတစ်ယောက်နည်းတူ ဘ၀မှာ သူ့တိုးတက်ရာတိုးတက်ကြောင်း ကြိုးစားခွင့်ရှိတယ် ဆိုတာမျိုးစိတ်ထားနိုင်ကြတာပါ။မိန်းမတစ်ယောက် သူ့ဘ၀နဲ့သူ ကောင်းမွန်အောင် ပိုလို့ တိုးတက်အောင်ကြိုးစားနေတယ်ဆိုရင် ကြည့်မရတဲ့ မြန်မာယောက်ျားတွေအတ်ာများတယ်ထင်တာပဲ။ အဲလိုမျိုးဆို အဲဒီမိန်းမကို ဘယ်လို ဘယ်သူကိုမှလည်းထိခိုက်နစ်နာအောင်လုပ်နေတာမျိုးမဟုတ်ဘဲ သူ့ဘာသာ စာကျက်နေတဲ့ မိန်းကလေးမျိုးကို ဘာလို့စာကျက်နေမလဲ လင်ယူလိုက်ဆိုတာမျိုးတွေပြောတာက မြန်မာလူမျိုးတွေပဲရှိတယ်။ ဟနတို့တိုင်းပြည်မှာ မိန်းမအရေအတွက်ကယောက်ျားအရေအတွက်ထက်ပိုလို့များတယ်။ ယောက်ျားတွေသာပဲ ပညာတတ်ရမယ်..ယောက်ျားတွေသာပဲ လုပ်ပိုင်ခွင့်တွေ ညွှန်ကြားပိုင်ခွင့်တွေရှိရမယ်ဆိုရင် တိုင်းပြည်ရဲ့တ၀က်ကျော်မိန်းမတွေရဲ့ လုပ်အား ၊ ဥာဏ်အားကို တော့အသုံးချခွင့်မပေးဘူးဆိုရင် ကြာရင် ဘယ်လိုအခြေအနေဖြစ်မလဲ...မိန်းမတွေကိုလည်း အခွင့်အရေးပေးမှ မသိမသာ စိတ်ပိုင်းဆိုင်ရာဖိနှိပ်ထားတာမျိုးတွေမရှိမှဖြစ်မယ်။ အခုတော့ မိန်းမတွေဟာ မသိမသာ အခွင့်အရေးမရနေတာ..ရနေတာမျိုးကျတော့မြန်မာအမျိုးသမီးတွေ ယောက်ျားတွေနဲ့တန်းတူ ညကလပ် ၊ ဒစ်စကိုတွေသွားဖို့အခွင့်အရေးတွေရနေတယ်...ဘီယာအတူသောက်ဖို့ အခွင့်အရေးတွေရနေတယ်..ယောက်ျားတွေ ညလည်သလို တန်းတူအခွင့်အရေးတွေရနေကြတာပဲ မြင်တယ်။ မြန်မာအမျိုးသမီးတွေ အတော်လွတ်လပ် တန်းတူအခွင့်အရေးတွေရနေတာပါပဲလားလို့...

No comments:

Post a Comment