WELCOME

Saturday, December 10, 2011

when we arrive Rome...


ရောမကိုရောက်ရင်....
မြန်မာဆိုတာ ဘယ်နေရာကိုပဲရောက်ရောက် မြန်မာပါပဲ။ မြန်မာအမျိုးသမီးတွေ တိုင်းတပါးရောက်နေရင်လည်း အဲဒီတိုင်းပြည်သူဖြစ်မသွားပါဘူး။အမေရိကန်ပြည်ထောင်စုကိုရောက်နေလို့ မြန်မာအမျိုးသမီးတစ်ယောက်ဟာ အမေရိကန်မ ဖြစ်မသွားပါဘူး။ ထိုင်းနိုင်ငံကိုရောက်နေလို့လည်း ထိုင်းအမျိုးသမီးတစ်ဦးဖြစ်မသွားသလို စင်္ကာပူနိုင်ငံကိုရောက်နေလို့လည်း စင်္ကာပူတိုင်းပြည်သူဖြစ်မသွားပါဘူး။ မြန်မာဆိုတာ သွေးထဲမှာ မြန်မာပါပဲ။
ဘယ်တိုင်းပြည် ဘယ်နေရာပဲရောက်ရောက် မြန်မာဆိုတာ မြန်မာပါပဲ။သူများတိုင်းပြည်မှာ သူများတွေလုပ်သလိုလိုက်လုပ် ၊ သူများတွေဝတ်သလိုလိုက်ဝတ်မှ အရည်အချင်းရှိမှာ လူရာဝင်ကြမှာလား။သူများတိုင်းပြည်မှာ ကိုယ့်လူမျိုး ကိုယ့်ရိုးရာအ၀တ်အစားနဲ့ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ်နေမှ ဒါတကယ့်မြန်မာမဟုတ်လား။ သူများတိုင်းပြည်မှာ သူများတွေ ဒစ်စကိုသွားသလို ညဘက်တွေသွား ၊ ပါတီတွေတက် ဆိုရင် ဒါ ..မြန်မာ့ဂုဏ်ကို ဘာထိန်းတာလဲ။ သူများတိုင်းပြည်သွားပြီး သူများတွေဝတ်သလို ၊ သူများတွေ လုပ်သလိုတွေလိုက်လုပ်တိုင်း သူများတွေနည်းတူ တိုးတက်မြင့်မားမသွားပါဘူး။ သူများတွေတွေးခေါ်သလို ၊ သူများတွေကြံစည်သလို ၊ သူများတွေ ကြိုးစားသလို ၊ သူများတွေ နိုင်ငံကြီးသားပီသသလို ကိုယ်ကပါလိုက်ထိန်းသိမ်းနိုင်မှသာလျှင် ကိုယ်လည်းအဆင့်အတန်းရှိတဲ့ လူမျိုးဖြစ်မှာပါ။
ရောမကိုရောက်ရင်ရောမလိုကျင့်ရမယ်ဆိုတဲ့စကားဟာ ရောက်နေတဲ့နေရာရဲ့ ရာသီဥတု ၊ အစားအသောက်တွေကို အဆင်ပြေအောင် သင့်တော်အောင် ညှိနှိုင်းနေထိုင်ဝတ်ဆင်စားသောက်တာကိုပြောတာလို့ပဲ မြင်မိပါတယ်။ပြင်သစ်နိုင်ငံလိုနေရာမျိုးမှာ ၀ိုင်မသောက်ဘဲ ၊ ပြင်သစ်လူမျိုးတွေ စားတဲ့ ဒိန်ခဲတွေမစားဘဲ ၊ သစ်စေ့တွေမစားဘဲ နဲ့ မြန်မာအစားအစာကိုသာ စားမယ်ဆိုရင် ပြင်သစ်နိုင်ငံရဲ့ ရာသီဥတုအအေးဒဏ်ကို ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး။အဲဒီအတွက် အစားအသောက်ကိုညှိုနှိုင်းချင့်ချိန်စားသောက်ရပေမယ့် ယဉ်ကျေးမှုကိုတော့ ပြောင်းလဲပစ်လိုက်ဖို့ မလိုအပ်ဘူးလို့ ကျွန်မက မြင်မိပါတယ်။ မြန်မာဆိုတာ မြန်မာယဉ်ကျေးမှုကိုပဲ လိုက်နာရမှာပါ လို့ ကျွန်မပြောရင် ကျွန်မကို အစွန်းရောက်သူ ၊ ပြောချင်ရာတွေ စွတ်ပြောသူလို့ မြင်ကြ ၊ ပြောကြဦးမှာလားရှင်....

No comments:

Post a Comment