WELCOME

Saturday, December 10, 2011

ရောက်တတ်ရာရာ


အရက်မူး သမား နှစ်ယောက် ဟာ ယိုင်ထိုး ယိုင်တိုင်နဲ့ လမ်းလျှောက်လာပြီး စကားတွေ ပြောနေကြတယ်။ “ တစ်ကယ်တော့ လဟာ အနီရောင်ကွ” “ မဟုတ်ဘူး၊ အပြာရောင်” “အနီရောင်ပါဆိုကွာ” “အပြာရောင်ကွ” “ဒါဆိုရင် ဟိုရှေ့က လာနေတဲ့ လူကို ငါတို့ မေးကြည့်ရအောင်။ သူတော့ သိလောက်မှာပါ” “ ဟေ့လူ၊ လက အပြာရောင် လား အနီရောင်လား” ထိုသူသည် တွေတွေဝေေ၀ ဖြစ်သွားပြီး တစ်ချက်စဉ်းစားကာ ပြောလိုက်သည်မှာကား “ ဟိုဘက်က လလား၊ ဒီဘက်ကလလားကွ။ မင်းတို့က ဘယ်လကို ပြောတာလဲ” တဲ့။အရက်မူးနေသူ တစ်ယောက်က ဆိုင်ရှင်ကို ပြောလိုက်သည်။
“ ကျွန်တော် ခင်ဗျား ဆိုင်မှာ သောက်တာ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ဒါပေမယ့် မနက်ဖြန်က စပြီး မလာတော့ဘူးဗျာ ”
“ ကျွန်တော့် ဆိုင်က အရက်မကောင်းလို့လား၊ ဆက်ဆံရေး မကောင်းလို့လား ”
“ အာ....အရက်လည်း ကောင်းတယ်။ ဆက်ဆံရေးလည်း ကောင်းတယ်...ဒါပေမယ့်..... . ”
“ ပြောပါဗျာ...အားမနာပါနဲ့ ”
“ စိတ်တော့ မရှိပါနဲ့ဗျာ၊ ခင်ဗျားဆိုင်မှာ ကပ်ထားတဲ့ အရက်ကြော်ငြာ မင်းသမီးတွေက ကျွန်တော့်ကို အရက်ပိုမူးအောင် လုပ်နေလို့ပါ ”

 

ရုံးမှာ အချိန်ပိုလုပ်ရသောကြောင့် နောက်ကျမှ ပြန်ရောက်လာသည့် အဖေ ဖြစ်သူကို သားငယ်က မေးသည်။
“လမင်းဟာ ဘာဖြစ်လို့ အကြီးကြီး ဖြစ်နေတာလဲဟင်”
“လမင်း ဟုတ်လား ၊ မသိပါဘူး သားရယ်”
“ကြယ်တွေကျတော့ သေးသေးလေးနော်…. ဘာဖြစ်လို့လဲ ဖေဖေ”
“ကြယ်တွေ ဟုတ်လား၊ အင်း မပြောတတ်ပါဘူးကွာ”
“ဖေဖေ၊ ဘာဖြစ်လို့ ..”
အမေက ၀င်ပြောသည်။
“ဟဲ့သား၊ ဖေဖေ ပင်ပန်းလာတယ်လေကွယ်။ နားပါစေ။ မေးခွန်းတွေ ထုတ်မနေစမ်းနဲ့”
“မေးစမ်းပါစေကွာ၊ ကလေးကို အဖေကမှ မရှင်းပြရင် ဘယ်သူရှင်းပြမလဲ။ မဟုတ်ဘူးလား ။”

No comments:

Post a Comment