WELCOME

Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

Saturday, December 10, 2011

`ဥပဒေ´ ၏ အထက်တွင် မည်သူမျှ မရှိစေရ



ငါ

ဥပဒေ

လမ်းလျှောက်တယ်


တစ်ယောက်တည်း လမ်းလျှောက်တယ်
နောက်က ခြေသံကြားတော့ အရှိန် တိုးလျှောက်တယ်
ဘယ်သူလဲ သိချင်တော့ ပြန်နှေးလိုက်တယ်
ငါ့ကိုကျော်သွားတော့ လိုက်မှီအောင် ကြိုးစားတယ်
မမှီနိုင်တော့ ပုံမှန်ပဲ ဆက်လျှောက်ဖြစ်တယ်
ဘယ်သူလဲတော့ သိခွင့်မရခဲ့

ကိုယ့်လမ်းကို လျှောက်တာပဲလေ...
ဘေးချင်းယှဉ်မိတုန်းက တစ်ချက်လောက် ငဲ့ကြည့်ခဲ့ရရင် အကောင်းသား

when we arrive Rome...


ရောမကိုရောက်ရင်....
မြန်မာဆိုတာ ဘယ်နေရာကိုပဲရောက်ရောက် မြန်မာပါပဲ။ မြန်မာအမျိုးသမီးတွေ တိုင်းတပါးရောက်နေရင်လည်း အဲဒီတိုင်းပြည်သူဖြစ်မသွားပါဘူး။အမေရိကန်ပြည်ထောင်စုကိုရောက်နေလို့ မြန်မာအမျိုးသမီးတစ်ယောက်ဟာ အမေရိကန်မ ဖြစ်မသွားပါဘူး။ ထိုင်းနိုင်ငံကိုရောက်နေလို့လည်း ထိုင်းအမျိုးသမီးတစ်ဦးဖြစ်မသွားသလို စင်္ကာပူနိုင်ငံကိုရောက်နေလို့လည်း စင်္ကာပူတိုင်းပြည်သူဖြစ်မသွားပါဘူး။ မြန်မာဆိုတာ သွေးထဲမှာ မြန်မာပါပဲ။
ဘယ်တိုင်းပြည် ဘယ်နေရာပဲရောက်ရောက် မြန်မာဆိုတာ မြန်မာပါပဲ။သူများတိုင်းပြည်မှာ သူများတွေလုပ်သလိုလိုက်လုပ် ၊ သူများတွေဝတ်သလိုလိုက်ဝတ်မှ အရည်အချင်းရှိမှာ လူရာဝင်ကြမှာလား။သူများတိုင်းပြည်မှာ ကိုယ့်လူမျိုး ကိုယ့်ရိုးရာအ၀တ်အစားနဲ့ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ်နေမှ ဒါတကယ့်မြန်မာမဟုတ်လား။ သူများတိုင်းပြည်မှာ သူများတွေ ဒစ်စကိုသွားသလို ညဘက်တွေသွား ၊ ပါတီတွေတက် ဆိုရင် ဒါ ..မြန်မာ့ဂုဏ်ကို ဘာထိန်းတာလဲ။ သူများတိုင်းပြည်သွားပြီး သူများတွေဝတ်သလို ၊ သူများတွေ လုပ်သလိုတွေလိုက်လုပ်တိုင်း သူများတွေနည်းတူ တိုးတက်မြင့်မားမသွားပါဘူး။ သူများတွေတွေးခေါ်သလို ၊ သူများတွေကြံစည်သလို ၊ သူများတွေ ကြိုးစားသလို ၊ သူများတွေ နိုင်ငံကြီးသားပီသသလို ကိုယ်ကပါလိုက်ထိန်းသိမ်းနိုင်မှသာလျှင် ကိုယ်လည်းအဆင့်အတန်းရှိတဲ့ လူမျိုးဖြစ်မှာပါ။
ရောမကိုရောက်ရင်ရောမလိုကျင့်ရမယ်ဆိုတဲ့စကားဟာ ရောက်နေတဲ့နေရာရဲ့ ရာသီဥတု ၊ အစားအသောက်တွေကို အဆင်ပြေအောင် သင့်တော်အောင် ညှိနှိုင်းနေထိုင်ဝတ်ဆင်စားသောက်တာကိုပြောတာလို့ပဲ မြင်မိပါတယ်။ပြင်သစ်နိုင်ငံလိုနေရာမျိုးမှာ ၀ိုင်မသောက်ဘဲ ၊ ပြင်သစ်လူမျိုးတွေ စားတဲ့ ဒိန်ခဲတွေမစားဘဲ ၊ သစ်စေ့တွေမစားဘဲ နဲ့ မြန်မာအစားအစာကိုသာ စားမယ်ဆိုရင် ပြင်သစ်နိုင်ငံရဲ့ ရာသီဥတုအအေးဒဏ်ကို ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး။အဲဒီအတွက် အစားအသောက်ကိုညှိုနှိုင်းချင့်ချိန်စားသောက်ရပေမယ့် ယဉ်ကျေးမှုကိုတော့ ပြောင်းလဲပစ်လိုက်ဖို့ မလိုအပ်ဘူးလို့ ကျွန်မက မြင်မိပါတယ်။ မြန်မာဆိုတာ မြန်မာယဉ်ကျေးမှုကိုပဲ လိုက်နာရမှာပါ လို့ ကျွန်မပြောရင် ကျွန်မကို အစွန်းရောက်သူ ၊ ပြောချင်ရာတွေ စွတ်ပြောသူလို့ မြင်ကြ ၊ ပြောကြဦးမှာလားရှင်....

myanmar women's rights


မြန်မာအမျိုးသမီးများအခွင့်အရေး....
ု ဖွင့်ထားတဲ့အတွေးတွေနဲ့ သူမျိုးတွေသာ မိန်းမနဲ့ဆိုတာ လည်းလူပဲ...လူတစ်ယောက်မို့ သူ့မှာလည်း လူတစ်ယောက်နည်းတူ ဘ၀မှာ သူ့တိုးတက်ရာတိုးတက်ကြောင်း ကြိုးစားခွင့်ရှိတယ် ဆိုတာမျိုးစိတ်ထားနိုင်ကြတာပါ။မိန်းမတစ်ယောက် သူ့ဘ၀နဲ့သူ ကောင်းမွန်အောင် ပိုလို့ တိုးတက်အောင်ကြိုးစားနေတယ်ဆိုရင် ကြည့်မရတဲ့ မြန်မာယောက်ျားတွေအတ်ာများတယ်ထင်တာပဲ။ အဲလိုမျိုးဆို အဲဒီမိန်းမကို ဘယ်လို ဘယ်သူကိုမှလည်းထိခိုက်နစ်နာအောင်လုပ်နေတာမျိုးမဟုတ်ဘဲ သူ့ဘာသာ စာကျက်နေတဲ့ မိန်းကလေးမျိုးကို ဘာလို့စာကျက်နေမလဲ လင်ယူလိုက်ဆိုတာမျိုးတွေပြောတာက မြန်မာလူမျိုးတွေပဲရှိတယ်။ ဟနတို့တိုင်းပြည်မှာ မိန်းမအရေအတွက်ကယောက်ျားအရေအတွက်ထက်ပိုလို့များတယ်။ ယောက်ျားတွေသာပဲ ပညာတတ်ရမယ်..ယောက်ျားတွေသာပဲ လုပ်ပိုင်ခွင့်တွေ ညွှန်ကြားပိုင်ခွင့်တွေရှိရမယ်ဆိုရင် တိုင်းပြည်ရဲ့တ၀က်ကျော်မိန်းမတွေရဲ့ လုပ်အား ၊ ဥာဏ်အားကို တော့အသုံးချခွင့်မပေးဘူးဆိုရင် ကြာရင် ဘယ်လိုအခြေအနေဖြစ်မလဲ...မိန်းမတွေကိုလည်း အခွင့်အရေးပေးမှ မသိမသာ စိတ်ပိုင်းဆိုင်ရာဖိနှိပ်ထားတာမျိုးတွေမရှိမှဖြစ်မယ်။ အခုတော့ မိန်းမတွေဟာ မသိမသာ အခွင့်အရေးမရနေတာ..ရနေတာမျိုးကျတော့မြန်မာအမျိုးသမီးတွေ ယောက်ျားတွေနဲ့တန်းတူ ညကလပ် ၊ ဒစ်စကိုတွေသွားဖို့အခွင့်အရေးတွေရနေတယ်...ဘီယာအတူသောက်ဖို့ အခွင့်အရေးတွေရနေတယ်..ယောက်ျားတွေ ညလည်သလို တန်းတူအခွင့်အရေးတွေရနေကြတာပဲ မြင်တယ်။ မြန်မာအမျိုးသမီးတွေ အတော်လွတ်လပ် တန်းတူအခွင့်အရေးတွေရနေတာပါပဲလားလို့...

ဖုံးနံပတ်သိယုံဖြင့်အိမ်လိပ်စာသိနိုင်


ကဲသူငယ်ချင်းတို့ရေး..........
ဖုံးနံပတ်လေသိယုံဖြင့်အိမ်လိပ်စာနဲ့အမည်ကိုသိလို့ရမယ်နော်
ဒီဆိုက်ကကူညီပါလိမ့်မယ်
www.myanmarteldir.com
ဆိုက်ပါ
လုပ်နည်း-ကိုယ်သိချင်တဲ့လူရဲ့ဖုံးနံပတ်ကိုသိရမယ်(ဒါပေမဲ့လိုင်းဖုန်းတွေပဲရမှာနော်)
CDMA AND GSM တော့အခုတော့မရသေးဘူးခင်ညား...........
နောက်တော့ရမယ်ထင်ပါတယ်
ပြီးရင်အဲဒီမှာကိုယ့်သိချင်တဲ့သူရဲ့ဖုံးနံပတ်(သို)နာမည်ရိုက်နော်
ပြီးတော့search နှိပ်လိုက်ပေါ့
ဒါဆိုရင်တော့ရပါပြီ
မြန်မာပြည်တစ်နိုင်ငံလုံးကဖုံးတွေကိုကြည့်လို့ရတယ်နော်
ပြီးနော်ဖုံးရဲ့အရှေ့ကနေပြည်တော်ဆိုရင်ဘာကုတ်ခံရမယ်ဆိုတာလဲကြည့်လို့ရတယ်နော်
အားလုံးပျော်ရွင်ပါစေ..........

အမေရိကန် သမ္မတ ၏ “ပညာရေး” သက်ပြင်းချသံ...

“အမေရိကန်နိုင်ငံရဲ့ ပညာ ရေးဟာ မြန်မာ့ ပညာရေးနှင့် ဘယ် လိုများ ပတ်သက် နေပါ သလဲ” ဟု အမေးပြုလာအံ့ ပတ်သက် နေသည် ဟုသာ ပြောပါရ စေတော့။ ကမ္ဘာ့ ထိပ်သီးနိုင်ငံကြီး တစ်ခု၏ ပညာ ရေးအဆင့်နိမ့် ကျရသည့် အကြောင်း ရင်း၊ ကြုံဆုံရ သော ဒုက္ခ၊ ပညာ ရေးအဆင့်(၁)သို့ ပြန်လည်ရောက် ရှိရန် ကြိုးစား နေသည့် ကုစားချက် များသည် ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် သင်ခန်းစာ ကောင်းဟု ယူဆမိပါ သည်။



ထိပ်သီးနိုင်ငံမှ ပညာတတ် များပင် ကမ္ဘာတွင် နောက်ကျကျန် ရစ်ခဲ့လျှင် ကျွန်တော်တို့ နိုင်ငံမှ ကျောင်းသားများ မည်မျှ ကြိုးစား ကြရမည်ကို သိစေ ချင်ပါသည်။ ဘုရားလောင်း “ဇနက္က” ထုံးကို နှလုံးမူ၍ အစွမ်းကုန် ကြိုးစား ကာ “ကမ္ဘာ့ပညာရေးသမုဒ္ဒရာ” ကြီး ကို လက်ပစ်ကူး နိုင်ကြပါစေဟု...

ပညာရေးနှင့် တိုင်းပြည်အနာဂတ်

အမေရိကန် သမ္မတကြီး “ဘား ရက် အိုဘားမား” က ကောလိပ် မှဘွဲ့ ရလာသူ နည်းပါး လာခြင်း သည် တိုင်းပြည်၏ အနာဂတ် အရေးဖြစ်၍ မတွေးဝန့်စရာဖြစ်ရ ကြောင်း ပြောကြား ပါသည်။ ယနေ့ ပညာရေး နိမ့်ကျသော နိုင်ငံများ သည် နက်ဖြန်၏ စိန်ခေါ်မှု များကို အရှုံးပေးရ မှာမလွဲကြောင်း ထောက် ပြသွားပါသည်။ သမ္မတကြီး၏ တက္ကဆက် တက္ကသိုလ်၌ ကျောင်းသားများကို ပညာရေးနှင့် ပတ်သက်၍ သတိ ပေးပုံမှာလည်း မှတ်သား စရာပင်။

တိုင်းပြည်ရှိ တက္ကသိုလ် ကျောင်း သားသုံးပုံတစ်ပုံနှင့် အထက်တန်း ကျောင်းသား (၅၀%) ခန့်သည် ကောလိပ်မှ ဒီဂရီရအောင် ကျောင်း တက်လိုသည့် ဆန္ဒမရှိခြင်းမှာ တိုင်း ပြည်နစ်နာကြောင်း ၂၀၂၀ခုနှစ်တွင် အဆင့်မီသော တက္ကသိုလ်ဘွဲ့ရ (၈) သန်းခန့် မွေးထုတ်နိုင်မှသာ နံပါတ် (၁) အဆင့် ပြန်ရောက်နိုင်မည် ဖြစ်ကြောင်း ယခုအမေရိကန်နိုင်ငံ ၏ ပညာရေးအဆင့်သည် အမှတ် (၁)နေရာမှ အမှတ် (၁၂)သို့ ဆင်း သွားပုံကို သမ္မတကြီးက ပြော ကြားခဲ့ပါသည်။ တိုင်းပြည်တွင် ပညာတတ်များပေါမှ စီးပွားရေး အတွက် စိတ်ချရမည်ဖြစ်၍ အမေ ရိကန်ကျောင်းသားများ တက္ကသိုလ် တက်နိုင်အောင် ကြိုးစားကြရန်နှင့် ဘွဲ့ရရှိရေးအတွက် ကျားကုတ်ကျား ခဲ ဆောင်ရွက်ကြရန် လိုကြောင်း သမ္မတကြီးက ကျောင်းသားများ အား တိုက်တွန်းခဲ့ပါသည်။

ညံ့လျှင်ခံရမည့်ခေတ်

အမေရိကန်လူငယ်များသည် သင်္ချာ၊ သိပ္ပံနှင့် နည်းပညာဘာသာ ရပ်များကို ပိုမိုဂရုစိုက်သင်ကြားကြ ရန်လည်း မိန့်ကြားပါသည်။ အနာ ဂတ်တွင် အလုပ်အကိုင် နေရာ ကောင်းများကို ယင်းဘာသာရပ် များတွင် အပြိုင်ကြဲနေသော တရုတ် နှင့် အိန္ဒိယ ကျောင်းသားများက နေရာဝင်ယူသွားမည် ဖြစ်ကြောင်း သတိပေးလိုက်ပါသည်။ အမေရိ ကန်နိုင်ငံတွင် သာမန်လုပ်ငန်းတစ် နေရာအတွက် အလုပ်ရှာဖွေသူ(၄) ဦးထက် မနည်းရှိ၏။ သိပ္ပံနှင့် နည်း ပညာနယ်ပယ် စီးပွားရေးလုပ်ကွက် များ၌ အဆင့်မြင့် ကျွမ်းကျင် ဝန် ထမ်းများရရှိရေးအတွက် အခက် ကြုံနေရ၏။ ယင်းကိစ္စကို ပြည်သူ လူထုသို့ စကားပြောခွင့်ကြုံတိုင်း သမ္မတကြီးက ထောက်ပြခဲ့ပါ သည်။

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၂၀ဝ)

“တိုင်း(မ)” သတင်းစာကြီး ၏အဆင့်မြင့်ပညာရေး အဖွဲ့ကြီးက ကမ္ဘာပေါ်ရှိ တက္ကသိုလ်များအဆင့် ကို ၂၀ဝ၄ ခုနှစ်မှ စတင်၍ အနီး ကပ် လေ့လာသတ်မှတ်ခဲ့ပါသည်။ ၂၀ဝ၈ ခုနှစ် အမေရိကန်နိုင်ငံရှိ တက္ကသိုလ် (၅၈)ခုသည် ကမ္ဘာ့ ထိပ်သီးတက္ကသိုလ် (၂၀ဝ)စာရင်း တွင်ပါဝင်၏။ (၂၀ဝ၉)ခုနှစ်ရောက် သောအခါ (၅၄) ခုသာအဆင့်မီပါ တော့သည်။ (၂၀ဝ၈)မှ (၂၀ဝ၉) ခုနှစ် အတွင်းထိပ်သီးတက္ကသိုလ် (၂၀ဝ) စာရင်းတွင် ဂျပန်နိုင်ငံမှ တက္ကသိုလ် (၁၁)ခု၊ ဟောင်ကောင် မှ (၅)ခု၊ တောင်ကိုရီးယားမှ (၄)ခု တို့ ပါဝင်လာပါသည်။ တရုတ်ပြည် မကြီးကား ပညာရေး ဖွံ့ဖြိုးတိုး တက်မှုတွင် အဆင့်(၆)၌ ရှိ၏။ သုတေသနမျိုးစုံကို ပညာရှင်များ က လုပ်ဆောင်နေပြီး တက္ကသိုလ် /ကောလိပ်များကိုလည်း ရန်ပုံငွေ အလုံအလောက် ပေးထား၏။ ဆန့် ကျင်ဘက်အဖြစ် အမေရိကန်တို့က စီးပွားရေးမပြေလည်၍ တက္ကသိုလ် /ကောလိပ်ရန်ပုံငွေများကို လျှော့ချ ခဲ့ပါသည်။ ထို့ကြောင့် အာရှနိုင်ငံ များ တိုးတက်လာကြောင်း တင်ပြ ထားပါသည်။

ပညာရေးနှင့် နှလုံးရောဂါ

ကိုလံဘီယာ တက္ကသိုလ်မှ ဒေါက်တာ “စန်ဒရိုဂါလီယာ” ဆိုသော သုတေသီက အမေရိကန်သန်းခေါင် စာရင်းဗျူရိုမှ ကိန်းဂဏန်းများကို ကိုးကား၍ အောက်ပါအတိုင်းတင် ပြခဲ့ပါသည်။ သူကပညာရေးအခြေ အနေနိမ့်ပါးမှုသည် လူသားများကို သတ်နေသည့်ကိုယ်ပျောက်လူသတ် သမားအမည်ရသည့် နှလုံးရောဂါ နှင့်ပင်တူကြောင်း နှိုင်းခိုင်း ပြော ကြားခဲ့ပါသည်။ ခရစ်နှစ် (၂၀ဝ၀)က အမေ ရိကန်တွင် လူ(၂၄၅၀ဝ၀)သည် ပညာရေးဗဟုသုတနည်းပါး၍ သေ ဆုံးခဲ့ရ၏။ လူမျိုးရေး ပဋိပက္ခ ကြောင့် (၁၇၆၀ဝ၀)ယောက် လူမှု ရေး ထောက်ပံ့မှု မလုံလောက်၍ (၁၆၂၀ဝ၀)ယောက် ဆင်းရဲမွဲတေမှု ကြောင့်(၁၃၃၀ဝ၀)ယောက် ဝင်ငွေ နည်းပါး၍ (၁၁၉၀ဝ၀) ယောက် နှင့် ဆင်းရဲသား ရပ်ကွက်မှ (၃၉၀ဝ၀) ယောက် ကွယ်လွန်ခဲ့ ကြောင်း ဖော်ပြထား၏။ အဓိကမှာ အမေရိကန်တွင်လူပေါင်း(၂၄၅၀ဝ၀) သေဆုံးရခြင်းမှာ ပညာရေးနိမ့်ကျမှု နှင့် ဆက်နွယ်နေသော ကျန်းမာရေး ဗဟုသုတမရှိမှုကြောင့်ပင်။ ယင်း တို့အနက် လူပေါင်း(၁၉၂၈၉၈) ဦးမှာ နှလုံးရောဂါကြောင့် သေဆုံး ခဲ့၍ဖြစ်ကြောင်း ဖော်ပြထား၏။

ပညာရေးပြုပြင်ပြောင်းလဲမှု

အမေရိကန်နိုင်ငံ၏ ပညာရေး စနစ်အကောင်းဆုံးဖြစ်ရန် ကြိုးစား ကြရပါမည်။ ပညာရေးစနစ်ပြုပြင် ပြောင်းလဲရမည့်အပြင် ရန်ပုံငွေ လည်း အပြည့်အဝရရှိရန် လိုအပ် ကြောင်း “အိုဘားမား” က “လော့ (စ)အိန်းဂျလိ့စ်” မြို့တော်ခန်းမ စည်းဝေးပွဲ၌ ပြောကြား သွားပါ သည်။ ပညာရေး ထိပ်တန်းရောက် ရန် ပြည်နယ်အစိုးရများက(ကျောင်း သားများစာပေတွင် မွေ့လျှော်ရန်) ငွေကြေး အများအပြား သုံးစွဲခဲ့ပါ သည်။ အထူးသဖြင့် ကယ်လီဖိုး နီးယားပြည်နယ်ရှိ ကျောင်းများ သည် ရန်ပုံငွေလိုအပ်နေ၍ သက် ဆိုင်ရာမှ အမြန်ဆုံး ဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း သိရပါသည်။ အသင်အပြကောင်းသောဆရာ များရရှိရေးအတွက် ယင်းပုဂ္ဂိုလ်များ ၏ အရည်အသွေးကို သုံးသပ်၍ အကဲဖြတ်နိုင်ပါသည်။ အကယ်၍ “စံမမီ” သော ဆရာများဖြစ်ပါက ထိုသူများကိုဆရာအဖြစ်မှ ကျော ခိုင်းစေပြီး သူတို့နှင့် သင့်တော်သော အခြားလုပ်ငန်းများကို ရှာဖွေ၍ပေး မည်ဖြစ်ကြောင်း သမ္မတကြီး က မြွက်ကြားပါသည်။

ငွေကြေးနှင့် ပတ်သက်၍ ပညာရေးနှင့် သက် ဆိုင်သောဥပဒေမူကြမ်းတစ်ရပ်ကို တင်သွင်းမည် ဖြစ်ကြောင်းလည်း သိရပါသည်။ ထို့ပြင် လူငယ်များ ပညာသင်ကြားရေးစရိတ် ရရှိရန် ငြိမ်းချမ်းရေး တပ်ဖွဲ့ (PEACE CORPS) များတွင် လုပ်အားပေး ခြင်းဖြင့်လည်းကောင်းနိုင်ငံတစ်ဝန်း ရှိ ကလေးများကိုစာပေသင်ကြား ပေးခြင်းဖြင့်လည်းကောင်း ရရှိနိုင် ပါသည်။ ပညာရေးပြုပြင် ပြောင်းလဲမှု လုပ်ခြင်းသည် နိုင်ငံတွင်စီးပွားရေး ကျဆင်းမှုကို နာလန်ထူအောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တစ် နေ့တခြား ကောလိပ်များမှ ဘွဲ့ ရရှိသည့် ကျောင်းသား များနည်းလာ ကြောင်း၊ ယနေ့ပညာရေးနိမ့်ကျမှု ကြောင့် နက်ဖြန်ခါအပြိုင်ကြဲရမည့် ပွဲတွင် အရှုံးကိုသာရမှာဖြစ်ကြောင်း သမ္မတကြီးကဆိုပါသည်။ လုပ်ငန်း ရှင်များက လူမျိုး၊ ဘာသာကို မရွေး ဘဲ တတ်သိ ကျွမ်းကျင်သူများကို သာ ရှာဖွေငှားရမ်းလေ့ရှိပါသည်။ ထို့ကြောင့် ပညာရေးအဆင့်မီအောင် ယနေ့မှစ၍ နည်းလမ်းကောင်းများ ကို အသုံးချပြီး ကြိုးစားရန်လို ကြောင်း ပြောကြား ပါသည်။

(၂၀၁၂) ခုနှစ်အတွက် သမ္မတရွေး ကောက်ပွဲ၏ နိုင်ငံရေးဦးတည်ချက် အဖြစ် “ပညာရည်မြင့်မားရေး” ဆောင် ပုဒ်ကိုလည်း အကောင်အထည်ဖော် ပါမည်။ ထို့ကြောင့် သမ္မတကြီး၏ ဒေါ်လာ(၄၄၇) ဘီလျံတန်၊ လုပ်ငန်း ဖန်တီးမှုအစီအစဉ်အရ ကျောင်းများ ကို အသစ်ဆောက်ခြင်း၊ မွမ်းမံခြင်း နှင့် အရည်အချင်း ပြည့်မီသော ဆရာများအားငှားရမ်းပြီး “ကလေး အားလုံးစာ ဖတ်စို့” (NO CHILD LEFT BEHIND) ဟူသော ပေါ် လစီကို သမ္မတကြီးက ဆက်လက် ၍အကောင်အထည် ဖော်ခဲ့ပါသည်။

Sunday, November 6, 2011

နုလုံးသွေးကြောကျဉ်း ရောဂါနှင့် ကြက်သွန်ဖြူ












ကြက်သွန်ဖြူတွင် အက် စ တာ (ester) အုပ်စု ဝင် ဒြပ်ပေါင်း ၁၃ မျိုး၊ အမိုင်နို အက်စစ် ၉မျိုး၊ တိုင်တေနီ ယမ်အုပ်စု ဝင် ဒြပ်ပေါင်း ၈ မျိုး၊ ဂလူ့ကို့ဆိုက် (glucoside) အုပ်စုဝင်ဒြပ်ပေါင်း ၁၂ မျိုး၊ အင်ဇိုင်း ၁၁ မျိုး၊ ဆာလ်ဖာ၊ ဘန်ဇင်းဆီ၊ သွပ်ဓာတ်စသည်တို့ ပါဝင်၏။
နှလုံးသွေးခဲခြင်း သွေးကြော နှလုံးဆီသို့ အောက်ဆီဂျင် လုံလောက်စွာ မရရှိသည့် ရောဂါများ အတွက် ကြက်သွန်ဖြူကို တစ်နေ့ လျှင် ၁ ကျပ်သားခန့် ပြုတ်စားပါက သက်သာ ပျောက်ကင်းနိုင်သည်။ အစိမ်းအတိုင်း စားပါက အစာအိမ်ရောဂါ ရနိုင်သဖြင့် သတိနှင့် ဆင်ခြင်ပါလေ။ အကယ်၍ နှလုံး ကြွက်သား ပုပ်သည့် (Myocardial Infarct) ရောဂါကိုတော့ ကြက်သွန်ဖြူဖြင့် ကုသပျောက်ကင်း နိုင်စွမ်းမရှိဟု သိရသည်။]


ကေတီအောင်သိန်း(ရန်ကုန် တက္ကသိုလ်)

ရေသောက်ခြင်း၏ အကျိုးများ


ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ

  • နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
  • အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
  • ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
  • မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။


ရေအကျိုး ဆယ်ပါး

  • ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
  • ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
  • ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။
  • ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
  • ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
  • ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
  • ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။
  • ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
  • အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
  • ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်

  • အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
  • တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
  • ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
  • ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
  • ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။
  • ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
  • ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
  • ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
  • ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။

သည်းခံခွင့်လွှတ်စိတ် ဖြင့် ကျန်းမာအောင် စွမ်းဆောင်ပါ


များစွာသော လေ့လာမှုတွေ အရ လူတစ်ဖက်သား ကို မကျေမနပ် ဖြစ်တာ၊ ရန်လိုတာ တွေက သွေးပေါင် ကို တက်စေတယ် လို့ တွေ့ခဲ့ပါတယ်။ အဲဒီလို မကျေမနပ် ဖြစ်မှုတွေ၊ ရန်လိုမှုတွေ အစား ခွင့်လွှတ် သည်းခံစိတ် ထားတာက စိတ်ဖိစီးမှု ကို လျော့နည်းစေပြီး နှလုံးကျန်းမာရေး ကို များစွာ အထောက်အကူ ဖြစ်စေပါတယ်။
စိတ်ဖိစီးမှု တွေဟာ စိတ်ပျက်မှု၊ နာကျင်ခံစားမှု စတာတွေကြောင့် ဖြစ်လာတဲ့ သင့် စိတ်ခံစားမှု တစ်ခုပါ။
တစ်စုံတစ်ရာ အကြောင်း တစ်ခုနဲ့ ပတ်သက်ပြီး လွဲမှားတာ၊ မှားယွင်းတာ စတာကို မေ့ မရတာ၊ ဖြေမဆည်နိုင်တာ တွေကို မေ့ဖျောက် မရ ဖြစ်နေတာက သင့်ကို နာကျင် ခံစားရစေပြီး သင့်အသည်းကို ၀န်ထုပ်ဝန်ပိုး အဖြစ် ၀န်ပိစေပါတယ်။ Mayo Clinic မှ ကောက်နုတ် ဖော်ပြချက် အရ သည်းခံ ခွင့်လွှတ်စိတ် ထားတာဟာ သင့်စိတ် ကို ငြိမ်းချမ်း စေနိုင်တယ် လို့ ဆိုပါတယ်။
တစ်စုံတစ်ယောက် အပေါ် သည်းခံ ခွင့်လွှတ်စိတ် ထားလိုက်တာ၊ အခြေအနေ တစ်ရပ် အပေါ် သည်းခံ နေထိုင်တတ်တာ ဟာ အရာရာကို ခွင့်လွှတ် သည်းခံစိတ် နဲ့ ကြည့်မြင် လိုက်တာကြောင့် သင့်စိတ်ကို အနားရစေ ပါတယ်။ ဒီလို မဟုတ်ဘဲ သင်ဟာ တစ်စုံတစ်ယောက် အပေါ် အငြိုးကြီးကြီး ထားပြီး ရှင်သန်နေမယ် ဆိုရင် သင့်စိတ်ကို လေးလံစေပြီး ၀န်ပိစေ ပါတယ်။ မက်ဆာချူးဆက် တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှု အရ ခွင့်လွှတ် သည်းခံစိတ် ထားတာကြောင့်  သွေးပေါင် ကျဆင်းတာကို အမျိုးသမီးတွေမှာ သိသိသာသာ တွေ့ရပြီး အမျိုးသားတွေ မှာတော့ ထိရောက်မှု နည်းတာ တွေ့ရပါတယ်။ ဒါပေမဲ့ အငြိုးအတေး ကြီးကြီး နဲ့ ရန်လို အမုန်းပွားနေတာက သွေးဖိအား နဲ့ နှလုံးခုန်နှုန်း တွေကို တက်စေပြီး ကြွက်သားတွေကိုလည်း ကျုံ့စေတာကြောင့် နှလုံး တိုက်ခိုက်ခံရတာ၊ လေဖြတ်တာတွေကို ဖြစ်နိုင်ခြေ များစေပါတယ်။ ဒါကြောင့် ခွင့်လွှတ် သည်းခံစိတ် ထားနိုင်အောင် သင့် အနေနဲ့ လုပ်ဆောင်သင့်တဲ့ အချက် လေးချက် ရှိနေပါတယ်။ အဲဒါတွေက - 
၁)  သင်ဟာ တစ်စုံတစ်ဦး အပေါ်မှာ စိတ်ဆိုးတယ်၊ ဒေါသထွက်တယ်၊ စိတ်ထဲ ထိခိုက်ခံစား သွားရတယ် ဆိုရင် အဲဒီလူကို ဘာကြောင့် ဖြစ်ရတယ် ဆိုတဲ့ အကြောင်းကို သေချာ ပြောပြပြီး ပြေလည်မှု ရယူပါ။ 
၂)  နားလည်မှု လွဲတာကြောင့် စိတ် အနှောင့်အယှက် ဖြစ်စရာ တစ်စုံတစ်ရာ ရှိတယ် ဆိုရင်လည်း တစ်ဦး နဲ့ တစ်ဦး နားလည်မှု ရှိအောင် ညှိယူဖို့ လိုပါတယ်။
၃)  သင့်ကို တစ်ဖက်သားက စိတ်ဆိုး၊ စိတ်နာအောင် ပြုလုပ်မိတဲ့ အခါမျိုးမှာ သင့်ဘက်က တုန့်ပြန်မှု မှန်ကန်နိုင်အောင် တရားသဘော ကို ဆင်ခြင် ဆုံးဖြတ်နိုင်အောင် ကြိုးစားပါ။
၎)  သည်းခံ ခွင့်လွှတ်မှု ကို တစ်ဖက်သား ဆီက မမျှော်လင့်ဘဲ သင့် ဘက်ကပဲ ပေးနိုင်အောင် ကြိုးစားပါ။

SweSone Media Group မှာကူးယူဖော်ပြသည်

သင့် လက်တစ်ကမ်း မှ ပြဿနာများ အား အရေးပေါ် ဖြေရှင်းနည်း



၁။ ကော်ဖီသောက် များခြင်း
တစ်နေ့ကို ကော်ဖီ တစ်ခွက်၊ နှစ်ခွက် သောက်တာဟာ ပြဿနာ မရှိပေမယ့် ဒီထက် လွန်ကဲပြီး သောက်ရင်တော့ သင့် ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်တွေ များလာနိုင် ပါတယ်။ နှလုံးခုန် မြန်တာ၊ သွေးတိုး စေတာ၊ ကတုန်ကယင် ဖြစ်တာ၊ မောပန်း နွမ်းနယ်ပြီး ခြေလက်တွေ မသယ်ချင် ဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဖြေရှင်းနည်း
ကော်ဖီ သောက်တာကို ချက်ချင်း ရပ်ပြီး လုံးဝ မသောက်တော့ တာမျိုး မလုပ်ပါနဲ့။ သင်ဟာ ကော်ဖီကို မဖြစ်မနေ သောက်တတ်သူ တစ်ယောက် ဖြစ်မယ် ဆိုရင် တစ်နေ့ကို ကော်ဖီ တစ်ခွက် ဒါမှမဟုတ် နှစ်ခွက်ထက် ပို မသောက်ပါနဲ့။ ညဘက် အိပ်ရာ မဝင်မီ မသောက်မိ ပါစေနဲ့။ မနက်စာ စားတဲ့အခါ ကော်ဖီ သောက်ပေးတာက လုပ်ငန်းခွင် ဝင်တဲ့ အခါ တက်ကြွ ရွှင်လန်း စေပါတယ်။ ကဖင်းဓာတ် ပမာဏ များများ ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ အချိုရည်နဲ့ ဆေးဝါး တချို့ကို တတ်နိုင်သမျှ ရှောင်ပါ။
၂။ အိပ်စက်ချိန် နည်းခြင်း
အိပ်စက်ချိန် နည်းလွန်းတာကြောင့် တက်ကြွ လန်းဆန်းစွာ နိုးထမှုကို မရရှိတဲ့ အပြင် အဝလွန်တဲ့ ရောဂါပါ ဖြစ်ပေါ် လာစေပါတယ်။ လူငယ် အများစုက ဗီဒီယို ဇာတ်လမ်းတွဲများကို နှစ်ခြိုက်စွာ ကြည့်ရှုခြင်း၊ အားကစားပွဲများကို အိပ်ပျက်ခံ ကြည့်ရှုခြင်း၊ အင်တာနက် စွဲခြင်း စတာတွေကြောင့် အိပ်စက်ချိန်တွေ နည်းနေတတ် ပါတယ်။ လူကြီး၊ လူငယ်မရွေး အိပ်စက်ချိန် နည်းတာကြောင့် အိပ်ရေး မဝကာ အာရုံ စူးစိုက်အားနဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေ ပါတယ်။
ဖြေရှင်းနည်း
အရွယ် ရောက်သူတိုင်းဟာ တစ်ညကို အိပ်ချိန် ခုနစ်နာရီလောက် ရှိသင့် ပါတယ်။ ညဘက် အိပ်ချိန်ကို သတ်မှတ် ထားပြီး အိပ်ချိန် မတိုင်မီ ၁၅ မိနစ် အလိုမှာ အိပ်ရာထဲ ဝင်ပါ။ အိပ်ခန်းထဲမှာ ကွန်ပျူတာနဲ့ တီဗီတွေ မထားပါနဲ့။ လက်ကိုင်ဖုန်းကို ပိတ်ပြီး သင်နဲ့ ဝေးဝေးမှာ ထားပါ။ မီးမှိန်မှိန် ထွန်းပြီး တွေးတော ပူပန်မှုတွေကို ဖျောက်ကာ အိပ်စက် အနားယူပါ။
၃။ ရေဓာတ် ခန်းခြောက်ခြင်း
တစ်ခါတစ်ရံ သင့်ကိုယ်သင် သတိမထားမိဘဲ အလုပ်လုပ်ရာမှာ အာရုံတွေ လွင့်ပါးနေတာ၊ အိပ်ရေးဝဝ အိပ်စက်ခဲ့ ပေမယ့် အလုပ်ချိန်မှာ ငိုက်မျည်း နေတာ၊ လမ်းလျှောက်ဖို့ အားအင် မရှိသလို ခံစားရတာ၊ မောပန်း နွမ်းနယ်နေသလို ခံစား ရတာတွေဟာ ခန္ဓာကိုယ်က ရေဓာတ် လိုအပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ် ခန်းခြောက်ပြီး ရေဆာနေတဲ့ အချိန်မှာ ပင်ပင်ပန်းပန်း အလုပ် မလုပ်ဘဲ ပင်ပန်း နေသလိုမျိုးလည်း ခံစား ရနိုင် ပါတယ်။
ဖြေရှင်းနည်း
သင့် ခန္ဓာကိုယ်က ရေဓာတ် လိုအပ်နေတာကို သိနိုင်အောင် ဆီးသွားတဲ့ အခါ ဆီး အရောင်ဝါနေရင် ရေသောက်ဖို့ လိုအပ်ကြောင်း ဖော်ပြ နေပါတယ်။ ဆီး အရောင် ဖျော့တဲ့ အထိ ရေသောက် ပေးပါ။ ချွေးထွက် များတဲ့နေ့ တွေပါ ရေများများ သောက်ပြီး ရေဓာတ် ပြန်ဖြည့် ပေးပါ။
၎။ စိတ်ဓာတ်ကျခြင်း
စိတ်ဟာ အပြောင်းအလဲ မြန်ဆန် တာကြောင့် အမြဲတမ်း စိတ်ဓာတ် တက်ကြွနေတာ မရှိသလို၊ အမြဲတမ်းလည်း စိတ်ဓာတ်ကျ အားငယ် မနေတတ်ပါဘူး။ စိတ်ဓာတ် ကျတာဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ရပ် ဆိုပေမယ့်လည်း ရုပ်ပိုင်းဆိုင်ရာ လက္ခဏာရပ်တွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ သင် စိတ်ဓာတ် ကျတဲ့အခါ မောပန်း နွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ အစာ စားချင်စိတ် လျော့နည်းတာ၊ အလုပ် မလုပ်ချင်ဘဲ အိပ်ရာထဲ ခွေနေချင်တာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေလည်း ဖြစ်ပေါ်နိုင် ပါတယ်။
ဖြေရှင်းနည်း
နှစ်ပတ်ကျော် ကြာတဲ့ အထိ စိတ်ဓာတ် ကျနေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လိုပါတယ်။ ဘာသာတရားကို မေ့လျော့ မနေပါနဲ့။ တရားထိုင်တာ၊ ယောဂ ကျင့်တာတွေကို ပြုလုပ်ပေးပါ။ ပြဿနာရပ် တစ်ရပ်ကို ရှောင်ပြေးပြီး စိတ်ဓာတ်ကျ အားငယ်နေမယ့် အစား ရင်ဆိုင် ဖြေရှင်းနိုင်အောင် ကြိုးစားပါ။
၅။ သွေးအားနည်းခြင်း
အမျိုးသမီးတွေဟာ လစဉ် ဓမ္မတာ လာတာကြောင့် သံဓာတ် ဆုံးရှုံးကာ သွေးအားနည်းတာကို ဖြစ်တတ်ကြ ပါတယ်။ အမျိုးသမီး အများစု ကြုံတွေ့နေကျ ပြဿနာ တစ်ရပ် ပါပဲ။ ခန္ဓာကိုယ်မှာ သွေးနီဥတွေက အောက်ဆီဂျင်ကို လိုအပ်တဲ့ နေရာတိုင်းကို သယ်ယူ ပို့ဆောင်ပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်တာကြောင့် သွေးအားနည်း သွားတဲ့ အခါ ဒီလုပ်ဆောင်မှု နှေးကွေး သွားတာကြောင့် ပင်ပန်း နွမ်းနယ်မှုတွေ ဖြစ်ပေါ် စေနိုင် ပါတယ်။
ဖြေရှင်းနည်း
အမျိုးသမီးတိုင်းဟာ သံဓာတ် ပေါကြွယ်ဝတဲ့ အစားအစာတွေကို စားပေးသင့် ပါတယ်။ ဒါမှ လစဉ် ရာသီလာချိန်မှာ ဆုံးရှုံးသွားတဲ့ သံဓာတ်ကို ပြန်လည် အစားထိုးနိုင်မှာ ဖြစ်ပါတယ်။ သံဓာတ် ပေါကြွယ်ဝတဲ့ အစားအစာတွေက အသည်း၊ အမြစ် ကလီစာများ၊ အဆီနည်း အသား၊ ပဲမျိုးမျိုး၊ ကွေကာ၊ အစိမ်းရင့်ရောင် အရွက် စတာတွေ ဖြစ်ပါတယ်။
http://www.swesonemedia.org/index.php?id=1241

ကွန်ပျူတာ keyboardတစ်ခုလုံးရဲ့အသုံးဝင်ပုံလေး

ကျနော်တို့ကွန်ပျူတာကိုအစဉ်မြဲသုံးနေကြတဲ့ရွှေညီအကိုအားလုံးကိုချစ်ခင်လေးစားစွာနဲ့
ကွန်ပျူတာ keyboardတစ်ခုလုံးရဲ့အသုံးဝင်ပုံလေးကိုအောက်မှာဖော်ပြပေးထားပါတယ်။
သိပြီးကြသူတွေလည်းများမယ်ထင်ပါတယ်၊မသိကြသေးတဲ့ချစ်မိတ်ဆွေအားလုံးအတွက်လိုအပ်တာ
လေးတွေရှိခဲ့ရင်အဆင်ပြေအောင်ပါ။ရေးမှားပြောမှားတာတွေရှိရင်လည်းခွင့်လွတ်နားလည်ပေး

လိမ့်မယ်လို့မျော်လင့်ပါတယ်၊မြန်မာစာမရေးဖြင့်တာလည်းနှစ်ကတောတောကြာသွားပါပြီ။
မြန်မာစာနဲ့တော့ဘာသာမပြန်တော့ပါဘူးစာလုံးတွေကရှင်းရှင်းလေးတွေဆိုတော့၊၊၊၊၊၊၊၊၊၊၊၊



အဆင့်၁။General keyboard shortcuts

Ctrl + A = Select all
Ctrl + C = Copy the highlighted content to clipboard
Ctrl + V
= Paste the clipboard content
Ctrl + N
= New (Create a new document, not in terminal)
Ctrl + O
= Open a document
Ctrl + S
= Save the current document
Ctrl + P
= Print the current document
Ctrl + W
= Close the close document
Ctrl + Q
= Quit the current application


အဆင့်၂။Keyboard shortcuts for GNOME desktop

Ctrl + Alt + F1 = Switch to the first virtual terminal
Ctrl + Alt + F2(F3)(F4)(F5)(F6)
= Select the different virtual terminals
Ctrl + Alt + F7
= Restore back to the current terminal session with X
Ctrl + Alt + Backspace
= Restart GNOME
Alt + Tab
= Switch between open programs
Ctrl + Alt + L
= Lock the screen.
Alt + F1
= opens the Applications menu
Alt + F2
= opens the Run Application dialog box.
Alt + F3 = opens the Deskbar Applet
Alt + F4
= closes the current window.
Alt + F5 = unmaximizes the current window.
Alt + F7
= move the current window
Alt + F8
= resizes the current window.
Alt + F9 = minimizes the current window.
Alt + F10
= maximizes the current window.
Alt + Space = opens the window menu.
Ctrl + Alt + +
= Switch to next X resolution
Ctrl + Alt + -
= Switch to previous X resolution
Ctrl + Alt + Left/Right
= move to the next/previous workspace


အဆင့်၃။Keyboard shortcuts for Terminal


Ctrl + A = Move cursor to beginning of line
Ctrl + E = Move cursor to end of line
Ctrl + C
= kills the current process.
Ctrl + Z
= sends the current process to the background.
Ctrl + D
= logs you out.
Ctrl + R
= finds the last command matching the entered letters. Enter a letter, followed by Tab + Tab = lists the available commands beginning with those letters.
Ctrl + U
= deletes the current line.
Ctrl + K
= deletes the command from the cursor right.
Ctrl + W
= deletes the word before the cursor.
Ctrl + L
= clears the terminal output
Shift + Ctrl + C
= copy the highlighted command to the clipboard.
Shift + Ctrl + V (or Shift + Insert)
= pastes the contents of the clipboard.
Alt + F = moves forward one word.
Alt + B = moves backward one word.
Arrow Up/Down = browse command history
Shift + PageUp / PageDown
= Scroll terminal output


အဆင့်၎။Keyboard shortcuts for Compiz

Alt + Tab = switch between open windows
Win + Tab
= switch between open windows with Shift Switcher or Ring Switcher effect
Win + E
= Expo, show all workspace
Ctrl + Alt + Down
= Film Effect
Ctrl + Alt + Left mouse button
= Rotate Desktop Cube
Alt + Shift + Up
= Scale Windows.
Ctrl + Alt + D = Show Desktop
Win + Left mouse button
= take screenshot on selected area
Win + Mousewheel = Zoom In/Out
Alt + Mousewheel
= Transparent Window
Alt + F8
= Resize Window
Alt + F7
= Move Window
Win + P
= Add Helper
F9
= show widget layer
Shift + F9
= show water effects
Win + Shift + Left mouse button
= Fire Effects
Win + Shift + C
= Clear Fire Effects
Win + Left mouse button
= Annotate: Draw
Win + 1
= Start annotation
Win + 3
= End annotation
Win + S
= selects windows for grouping
Win + T
= Group Windows together
Win + U
= Ungroup Windows
Win + Left/Right
= Flip Windows


အဆင့်၅။Keyboard shortcut for Nautilus

Shift + Ctrl + N = Create New Folder
Ctrl + T
= Delete selected file(s) to trash
Alt + ENTER
= Show File/Folder Properties
Ctrl + 1
= Toggle View As Icons
Ctrl + 2
= Toggle View As List
Shift + Right
= Open Directory (Only in List View)
Shift + Left
= Close Directory (Only in List View)
Ctrl + S
= Select Pattern F2 = Rename File
Ctrl + A
= Select all files and folders
Ctrl + W = Close Window
Ctrl + Shift + W
= Close All Nautilus Windows
Ctrl + R = Reload Nautilus Window
Alt + Up
= Open parent directory
Alt + Left
= Back
Alt + Right
= Forward.
Alt + Home
= go to Home folder
Ctrl + L
= go to location bar
F9
= Show sidepane
Ctrl + H
= Show Hidden Files
Ctrl + +
= Zoo
m In
Ctrl + - = Zoom Out
Ctrl + 0
= Normal Size


ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက်