WELCOME

Friday, November 11, 2011

ကားလောက ဟာသ




လျှော့ဈေးနဲ့ ......................
လူတစ်ယောက်သည် အိမ်ပြန်ရောက်လာသည့်အခါ ဇနီးသည်အား ပြောပြနေသည်။
“ကိုယ်ဒီနေ့ ဆိုင်တစ်ဆိုင်မှာ မော်တော်ကားတာယာလေးလုံးကို နှစ်လုံးဈေးနဲ့ ရလို့  ဝယ်လာတယ်ကွ”
“ဘာပြောတယ် ။ ရှင် ရှုးနေလား။ ကျွန်မတို့ မှာ မော်တော်ကးမှမရှိတာ။ တာယာတွေက ဘာလုပ်ဖို့ လဲ။”
“မင်း ဘရာစီယာဝယ်တုန်းက ငါဘာပြောလို့ လဲ”
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဘယ်မှာနေသလဲ.....................
“ကိုယ်က ဂျင်စတစ်လောက် မချမ်းသာပါဘူး။ ပြီတော့သူ့ လိုရိုလ်ရွိုက်ကား လည်းကိုယ့်မှာမရှိပါဘူး။ ဒါပေမဲ့ မင်းကိုတော့ ကိုယ်တကယ် ချစ်မြတ်နိုး တာပါကွာ”
ထို အခါ အမျိုးသမီးဖြစ်သူက ထိုလူ၏လည်ပင်းကို သာယာစွာဖက်လိုက်ပြီး နားနားကပ်ကာ တိုးတိုးကလေး ပြောလိုက်သည်။
“အဲဒီ ဂျင်စတစ်ဆိုတဲ့ လူက ဘယ်မှာနေတာလဲဟင်”
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကြောက်လွန်လွန်းလို့ ................................
အဝေးပြေးလမ်းမကြီးပေါ်တွင် အရှိန်ပြင်စွာ မောင်းနှင်လာသော မော်တော် ယာဉ်တစ်စီးကို ယာဉ်ထိန်းရဲက ရပ်တန့် စေပြီး ဖမ်းဆီးလိုက်သည်။
“နောက်ကနေလိုက်လာပြီ ရပ်ဖို့ သတိပေး အချက်ပြ မီးနဲ့ ဥသြသံကို ခင်ဗျား သတိမထားမိဘူးလား”
“ကျွန်တော်သိပါတယ်”
“ဒါဆိုရင် ချက်ချင်းဘာဖြစ်လို့  ရပ်မပေးတာလဲ”
“ဒီလိုရှိပါတယ်။ အရင်လက ကျွန်တော်မိန်းမဟာ ယာဉ်ထိန်းရဲတစ်ယောက်နဲ့  လိုက်ပြေးသွားပါတယ် ။ အခုဟာက အဲဒီ ရဲက ကျွန်တော်မိန်းမကို ပြန်လာပို့ တယ်ထင်လို့ ပါ”
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

အသစ်ဟု ထင်ရပါသော ဟာသများ


ရွဲ့တာလား
စာတိုက်ကောင်တာစာရေးက အမျိုးသမီးကြီးအား "" ဒီစာအိတ်ပေါ်မှာ နောက်ထပ်တံဆိပ်ခေါင်းတစ်လုံး ထပ်ကပ်လိုက်ပါဦး
စာအိတ်က သိပ်လေးနေလို့ပါ"" သည်တော့ အမျိုးသမီးကြီးက "" အဲလိုဆို စာအိတ်က ပေါ့သွားရောလား"" ဟု မေးလိုက်၏။

လူကွဲတယ်လေ
ငယ်ရွယ်သော မီးယပ်ရောဂါကု ဆရာဝန်လေးက စမ်းသပ် စစ်ဆေးနိုင်ရန် အ၀တ်အစားတွေကို ချွတ်ပစ်ဖို့ အလွန်ချောမောလှပသော
မိန်းမပျိုလေးအား ပြောလိုက်၏။ မိန်းမပျိုလေး အလွန်အမင်း ရှက်သွား၏။ ထို့ကြောင့် ဆရာဝန်လေးက အရှက်ပြေသွားစေရန်


ခပ်ရွှင်ရွှင်လေး မေး၏။
"" ဘာလဲ၊ အရင်က တစ်ခါမှ အစမ်းသပ်မခံခဲ့ဖူးဘူးလား "" "" အို- အစမ်းခံဖူးတာပေါ့၊ တကယ်ပါ၊ ဒါပေမယ့် ဆရာဝန်နဲ့တော့ မဟုတ်ဘူး""

အတူတူထင်လို့
ဆရာဝန် - ရက်သတ္တပတ်အနည်းငယ်တော့ ခင်ဗျား ခေါင်းအလုပ်မလုပ်ဖို့ လိုတယ်နော်
လူနာ - ဟုတ်ကဲ့ ဒေါက်တာ၊ ဒါပေမယ့် ခေါင်းအလုပ်က ကျွန်တော့် အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်နေတယ်။
ဆရာဝန်- သြော်၊ ခင်ဗျားက ပညာရှင်လား
လူနာ- မဟုတ်ပါ၊ ဆံပင်ညှပ်သမားပါ။

မရှိတာက
"" ကဲ- မိန်းမက ခင်ဗျားကို ပစ်သွားပြီဆိုရင်လည်း အိမ်ပြန်ပြီး ၀မ်းနည်း ကြေကွဲရမှာကို အရက်ထဲ နှစ်လိုက်ပါလား"" ဟု
အဖေါ်တွေက အကြံပေး၏။
"" ဖြစ်နိုင်မယ် မထင်ပါဘူး "" ဟု ကိုကျန်ရစ်က ပြော၏။ "" ဘာဖြစ်လို့လဲ၊ အရက်မရှိလို့လား ""
"" အို- မဟုတ်ပါဘူး၊ အရက်ထဲနစ်ဖို့ ၀မ်းနည်းကြေကွဲစရာ မရှိလို့ပါ ""

မငြင်းပါဘူး
"" ဂျွန်... ကမ္ဘာကြီးရဲ့ ပုံသဏ္ဍာန်က ဘယ်လိုရှိလဲကွ "" ဟု ဆရာက မေးလိုက်သည်။
"" လုံးလုံးဝိုင်းဝိုင်းကြီးပါ ဆရာ.."" ဟု ဂျွန်က ပြန်ဖြေသည်။
"" လုံးလုံးဝိုင်းဝိုင်းကြီးဆိုတာ မင်းဘယ်လိုသိလဲ.."" ဆရာက ဆက်မေးသည်။
ဂျွန် ဇဝေဇ၀ါဖြစ်သွားပြီး "" ကောင်းပါပြီ..ကမ္ဘာကြီးက လေးထောင့်ကြီးဆိုရင်လည်း ကျွန်တော်မငြင်းလိုပါဘူး..ဆရာ "" ဟု
ပြန်ဖြေလိုက်လေသည်။

နှုတ်ဦးသူ
မုဆိုးမတစ်ယောက်က မုဆိုးဖိုတစ်ယောက်ကို လက်ထပ်လိုက်၏။ သည်တော့ မုဆိုးမ၏ သူငယ်ချင်းက "" အေး- ငါထင်တယ်၊
လက်ထက်ခဲ့ဖူးတဲ့ ယောက်ျားတွေလိုပဲပေါ့ဟာ၊ နင့် ခု ယောက်ျားကလည်း တခါတခါကျတော့ သူ့အရင်မိန်းမအကြောင်းပြောမှာေ
ပါ့ ""
"" အို--တစ်ခွန်းမှကို မဟဘူး"" ""ဘာကြောင့်ပါလိမ့် "" "" သူပြောမယ်ကြံတိုင်း ငါက ငါယူမယ့်ယောက်ျားအကြောင်း အရင်ဦးအောင် ပြောပစ်လိုက်တယ်လေ ""

စေတနာ ဝေဒနာဖြစ်
လူနာ အမျိုးသမီးအနေဖြင့် သူမ ခွဲစိတ်ခံရဖို့ နီးကပ်နေပြီ ဆိုသည့် စိုးရိမ်စိတ်ပျောက်သွားစေရန် ဆရာဝန်က ကြိုးစားပြီး အာရုံလွှဲဖို့ စကားတွေပြောနေသည်။
ဆရာဝန်- "" ကျွန်တော့်သမီး မင်္ဂလာဆောင်ဖို့ နီးနေပြီလေ၊ သားကိုလည်း အလွတ်ပညာသင်ကျောင်းပို့ဖို့ ငွေတွေကုန်ရဦးမယ် ""
ဆရာဝန်က ထိုသို့ပြောပြီး မပြန်ခင်လေးမှာ ဆက်ပြောလိုက်သည်။ "" အေးဗျာ၊ ခင်ဗျားကို နက်ဖြန် ခွဲစိတ်ခန်းထဲမှာ တွေ့မယ်လေ၊
ဒါ့ထက် ခင်ဗျားကရော ဘာများမေးချင်သေးလဲ ""
သည်တော့ လူနာအမျိုးသမီးက "" တစ်ခုပဲ ဒေါက်တာ၊ ကျွန်မက ဒေါက်တာ့ သမီး မင်္ဂလာဆောင်ဖိုး ပေးရမှာလား၊
ဒါမှမဟုတ် ဒေါက်တာ့ သား ပညာသင်စရိတ်ပေးရမှာလား ""

လိမ်ညာသူ သူ့အပြစ်
ယောက်ျား - "" ဟိုကောင်မ၊ ငါ့မိန်းမလေ၊ မိန်းမညာကွ ""
သူငယ်ချင်း - "" မင်းဘယ်လိုလုပ် သိလဲ ""
ယောက်ျား- "" ဘယ်လိုလုပ်သိလဲ ဆိုတော့ သူက ပြောတယ်လေ သူ "ယူရှာ" နဲ့ ညက အိပ်ခဲ့တယ် ""
သူငယ်ချင်း - "" အဲဒီတော့..""
ယောက်ျား - "" ဟ- ငါက အဲဒီ"ယူရှာ"ဆိုတဲ့ ကောင်မနဲ့ တစ်ညလုံးရှိနေတာလေကွာ..""

ခွကျတဲ့ ဖေါ်ရွေမှု
အလုန်ကျယ်လောင် ပြင်းထန်သော တံခါးခေါက်သံကြောင့် အိမ်ရှင်က တံခါးဖွင့်ပေးလိုက်၏၊
တံခါးရှေ့မှာ လုံးဝ သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရ၏။
"" ဘယ်သူများပါလိမ့် ခင်ဗျား ""
"" ရဲပါ ""
"" အို- ရဲလား ခင်ဗျားက၊ ယူနီဖေါင်း ၀တ်မထားပဲကိုး ""
"" မှန်ပါတယ်၊ ကျွန်တော်က စီအိုင်ဒီပါ ""
"" အော်.. သိပြီ..သိပြီ.၊ အိမ်ထဲဝင်ပါဦး ဦးစစ် ""
( CID- စစ်)

သူ့အတွေး
မာမီ -- "" သမီးရေ၊ ဒီသိုးမွေးဆွယ်တာကို ကောင်းကောင်းဝတ်နော်၊ ဒီဆွယ်တာထိုးဖို့ သိုးငါးကောင်လောက်လိုတာ ""
ရှယ်လီ -- "" တကယ်လား မာမီ၊ သမီးဖြင့် သိုးတွေ သိုးမွေးထိုးတတ်မှန်း ခုမှ သိရတယ် ""

ကြက်သား
ဘီလ်သည် စားသောက်ဆိုင်တွင် ထမင်း ဟင်းများ မှာယူစားသောက်ပြီးချိန်တွင် စားပွဲထိုးအား မေးလိုက်၏၊
ဘီလ်- ""မင်းတို့ ကြက်သားဟင်းက အရိုးပဲ ရှိသလား ""
စားပွဲထိုး -"" ဆရာက အမွေးပါ လိုချင်တာလား ""

နားလည်မှုလွဲပုံက
အိမ်တစ်အိမ်တွင် အိမ်ရှင်က ဧည့်သည်ကို ဧည့်ခံထမင်းကျွေးနေသည်။
အိမ်ရှင်က "" ထမင်းစာပြီး လက်ဆေး ရေသောက်လိုက်နော် "" ဟု ခပ်သွက်သွက်ပြောလိုက်သည်။
သည်တော့ ဧည့်သည်က "" ဟုတ်ကဲ့ ခင်ဗျ.."" ဟု ပြောပြီး ထမင်းစားပြီးပြီးချင်း ဘေးတွင်ရှိသော လက်ဆေးရေဇလုံကို
ယူပြီး မော့သောက်လိုက်သည်။
ထိုအခါ အိမ်ရှင်က အံ့အားသင့်ပြီး "" ခင်ဗျား ဘာလို့ လက်ဆေးရေတွေကို သောက်ရတာလဲ၊ ကျွန်တော်တို့အိမ်မှာ သောက်ရေတွေရှိပါတယ် "" ဟု ပြောရာ
ဧည့်သည်က " ခင်ဗျားပဲ ထမင်းစားပြီးရင် လက်ဆေးရေသောက်လိုက်ဆိုလို့ပါ.."" ဟု ပြောလိုက်လေသည်။

ယူခဲ့ရောပေါ့
ရှေ့နေတစ်ဦး၏ ဇနီးသည် ဆတ်ဆတ်ထိမခံသူ ဖြစ်သည်။ တစ်ညနေတွင် ခင်ပွန်းက "" ဒီပြုတ်ကျော်ကို မောင်တော့ စားလို့မရဘူးကွာ "" ဟု ညည်းမိရာ
ဇနီးသည်က "" ရှင့်ဘာသာ ချက်ပေတော့၊ အစတုန်းက ရှင်ထမင်းချက်ကို ရှာယူခဲ့ပါလား "" ဟု ပြန်ပြောသည်။
ထိုည သန်းခေါင်ယံတွင် အမျိုးသမီးက ခင်ပွန်းသည်ကို အတင်းနှိုးသည် "" ထဦး..ကိုကို ..အိမ်ထဲကို သူခိုးရောက်နေသံကြားတယ် ""
အမျိုးသားက ဟောက်နေရင်းပင် ပြန်ပြောလိုက်ပုံက "" မင်းဘာသာ ထပေတော့၊ အစတုန်းက မင်း ရဲသားကို ရှာယူခဲ့ရောပေါ့ကွာ..""

အလှူက နေ့တိုင်းမရှိဘူး
တစ်နေ့တွင် လမ်းဘေးခွေးတစ်ကောင်သည် ဘုရားပေါ်သို့ ရောက်သွားလေသည်။
ဘုရားပေါ်တွင် အလှူနှင့် ကြုံသောကြောင့် ကောင်းမွန်စွာ စားခဲ့ရသည်။ နောက်နေ့တွင်
ထိုခွေးသည် ဘုရားပေါ်သို့ ထပ်သွားပြန်ရာ ဘုရားပေါ်က ခွေးက ပြန်ပြောလိုက်ပုံက
"" ဟကောင်ရ..အလှူက နေ့တိုင်းရှိတာ မဟုတ်ဘူးကွ..""
ရေးသားသူ>>>>>http://mutdfan.com/index.php/readmore/post/2613

ပေါ့ပေါ့ပါးပါး ဟာသများ(မြန်မာသံစဉ်)

သူရယ်သလို ရယ်လိုက်ကြရအောင်နော်
(၁) ထမင်းစားခါနီး ရောက်လာတဲ့ဧည့်သည်
ဘုန်းဘုန်းတို့ဘက်မှာ ထမင်းစားလို့ရှိရင် များသောအားဖြင့် ဇွန်းနဲ့မစားကြဘူး။ လက်နဲ့ပဲ တွယ်ကြတာများတယ်။ လူတစ်ယောက်က သူ့အမျိုးတွေဆီ အလည်သွားတယ်။ သူရောက်အချိန်မှာ အမျိုးတွေက ထမင်းစားခါနီးအချိန်ဖြစ်နေတယ်။ အိမ်ရှင်တွေက…
“…………..ရေ လာလာ၊ ထမင်းစားပါဦး၊ တို့နဲ့ပဲ တစ်ခါတည်းဝိုင်းလိုက်ကြရအောင်”
“ကျနော် ဗိုက်မဆာသေးဘူး၊ အိမ်ကျမှ စားတော့မယ်”
“ခင်ဗျားကလည်း အားနာနေတာလား၊ အားမနာပါနဲ့ လာပါ”
“ကျနော် တကယ်မဆာသေးလို့ပါ၊ စားကြ စားကြ”
ဧည့်သည်က အမှန်ကတော့ ဗိုက်ဆာနေတယ်။ စားနေကျမဟုတ်တော့ စားရမှာ ရှက်တာနဲ့ အင်တင်တင် လုပ်နေတာ ဖြစ်တယ်။ အဲဒါနဲ့ အိမ်ရှင်တွေ ပျော်ပျော်ပါးပါး အားရပါးရ အပီအပြင်ဆွဲနေကြတာကိုမြင်တော့ သူလည်း မနေနိုင်တော့တာနဲ့ စားမယ်လို့ ဆုံးဖြတ်လိုက်ပြီး လက်ထဆေးလိုက်တယ်။ အိမ်ရှင်က…
“ဘာလုပ်ဖို့ လက်ဆေးတာလဲ”
 “ဆေးလိပ်သောက်မလို့”
(၂) စကားဝိုင်းသေးသေးလေးတစ်ခု
ဘုန်းကြီးလေးပါးစုမိပြီး ဟိုအကြောင်း၊ ဒီအကြောင်းပြောကြရင်း တစ်ပါးက…
“ဒီလေးပါးထဲမှာ ဘုရားလောင်းဆုပန်ထားတဲ့ ကိုယ်တော်တစ်ပါးပါတယ်ကွ၊ မင်းတို့သုံးပါးတော့ မဟုတ်ဘူး၊ အဲဒါ ဘယ်သူဖြစ်မလဲ
သိလား”
ရှိတာမှလေးပါး၊ ကျန်တဲ့သုံးပါးက မဟုတ်ဘူးဆိုတော့…
(၃) ဆရာအမြဲလုပ်တတ်သူ
လူတစ်ယောက်က နေရာတကာ ဆရာကြီးပုံစံအမြဲတမ်းလုပ်လုပ်နေလို့ တစ်ရက်ကျတော့ အသုဘတစ်ခုမှာ သူက အိပ်ပျော်နေတယ်။ အဲဒါနဲ့ ကျန်တဲ့လူတွေလည်း သူ့ကိုမနှိုးဘဲ ထားလိုက်ကြတယ်။ လူတွေအသုဘလိုက်ပို့နေတုန်း သူ အိပ်ရာက နှိုးလာပြီး အိပ်ချင်မူးတူးကြီးနဲ့ လူအုပ်တွေနားသွားပြီး…
“ဘုန်းကြီးတွေ ရှေ့ကကြွပါစေနော်”တဲ့။
(၄) ကျော်တဲ့အထဲပါသွားတယ်
လူတစ်ယောက် သူ့သူငယ်ချင်းတွေဆီ သူ့ရွာက ကားပေါတဲ့အကြောင်း ပြောပြနေတယ်…
“တို့ရွာမှာလေ ခုဆိုရင် ကားတွေအရမ်းပေါတယ်၊ တစ်အိမ်ကျော် တစ်အိမ်ကျော်လောက်ကို ရှိတာ”
သူငယ်ချင်းတွေထဲက တစ်ယောက်က…
“မင်းတို့အိမ်မှာလည်း ရှိတယ်ပေါ့”
“မရှိဘူး၊ ကျော်တဲ့အထဲ ပါသွားတယ်”
“ဟင့်…”
(၅) အများသဘောပဲလေ
ရွာတစ်ရွာမှာ အစည်းအဝေးခေါ်လိုက်တာ အဲဒီရွာမှာ အိမ်ခြေကလည်း တော်တော်လေးနည်းနေတော့ သုံးယောက်ပဲ လာတက်ကြတယ်၊ ခဏလောက်စည်းဝေးပြီးတော့ တစ်ယောက်က…
“ကျနော်တို့ အဲဒီအတိုင်း လုပ်ကြရင်ကောင်းမလားလို့၊ ဘယ်လိုသဘောရှိကြလည်း”
တစ်ယောက်က...
“အများသဘောပဲလေ”
(၆) ဟေ့…ဟေ့…
အပေါ်ထပ်ဝရံတာမှာရှိတဲ့လူတစ်ယောက်က အောက်ကို အမှုမဲ့အမှတ်မဲ့ တံတွေးထွေးမိသွားတယ်။ အောက်မှာ လူတစ်ယောက်လမ်းလျှောက်နေတာ ရုတ်တရက်မြင်လိုက်တော့ ထိမှာစိုးလို့ဆိုပြီး လှမ်းအော်လိုက်တယ်။ လှမ်းအော်လိုက်မှ အောက်ကလူလည်း သူ့ကိုခေါ်တယ်ထင်လို့ အပေါ်မော့ကြည့်လိုက်မှ တံတွေးကြီးက ပါးစပ်ထဲ တည့်တည့်ကို ၀င်သွားပါတော့တယ်…
(၇) ဟင်းတွေဆို ၇-ခွက် ၈-ခွက်ဗျ
ရန်ကုန်မြို့တွင် အဒေါ်အိမ်မှာနေပြီး ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ယောက်က သူ့သူငယ်ချင်းတစ်ယောက်ကို ပြောပြနေတယ်…
“ငါ ရွာမှာတုန်းက ဟင်းတွေဆို ၇-ခွက် ၈-ခွက်မှ စားခဲ့ရတာ၊ ခုတော့…”
“ဒါဆို မင်းတို့က ချမ်းသာလှချည်လား”
“မချမ်းသာပါဘူး၊ ဘုန်းကြီးကျောင်းသားလုပ်ခဲ့တာလေ”
“ဂိန်…”

သူ့စကား ကိုယ့်စကား ဟာသများ


မြန်မာလူမျိုး တော်တော်များများဟာ အင်္ဂလိပ်စာကို အကျွမ်းကြီး မဟုတ်တောင်
နဲနဲပါးပါးတော့ပြောနိုင်ဆိုနိုင်ကြပါတယ်။ ဆိုက်ကားသမား Taxi သမားကအစ၊
မြင်းလှည်းသမား အဆုံး နဲနဲပါးပါးတော့ ပြောတက်ကြပါတယ်။ ဒါပေမယ့်လည်း
လူတိုင်းသတိထားရမှာက နိုင်ငံခြားသားတိုင်း အင်္ဂလိပ်စာမတက်ဖူးဆိုတာပဲ။
ပြင်သစ် တော်တော်များများ အင်္ဂလိပ်စာဘက်မှာ အားနည်းပါတယ်။
ဒီအဖြစ်အပျက်ကလေးကတော့ Taxi သမားတစ်ယောက်ကြုံခဲ့ရတဲ့ဟာလေးပေါ့။

တစ်ခါကနိုင်ငံခြားသားတစ်ယောက် (ပြင်သစ်လူမျိုး) ကားငှားတယ်….
Taxi သမားကမေးလိုက်တယ်… သူတက်သမျှမှတ်သမျှလေးနဲ့ပေါ့…
Where u go?
Reclining Buddha. (လျောင်းတော်မူဘုရား)
ပြင်သစ်လူမျိုးက Buddha "ဗုဒ္ဓ" ကို"ဘုတ" ဆိုပြီးပြောလိုက်တော့… ကားသမားက
Yes. Yes. 1500 kyats.
Ok.
ဆိုပြီးထွက်သွားကြရော…. မိနစ် ၂၀ လောက်နေတော့ ရှုးရှုးရှဲရှဲနဲ့ပြန်ရောက်လာတယ်…
ဘာဖြစ်လို့လဲ မေးကြည့်တော့… ပြင်သစ်လူမျိုးက သူဘုရားသွားချင်တာကို သူ့ကို
တစ်ခြားနေရာခေါ်သွားတယ်တဲ့… ဒါနဲ့ချစ်ပါတယ်လဲဘယ်ရမလဲ
ကားသမားကိုဖြဲတာပေါ့......(ပါးစပ်)
ခင်းဗျားကဘယ်ကိုခေါ်သွားတာလဲဆိုတော့…
ရန်ကုန်ဘူတာကြီးကိုတဲ့ သူပြောတယ် ဘူတာ ဘူတာ နဲ့ဆိုလို့
ရန်ကုန်ဘူတာကြီးကိုခေါ်သွားလိုက်တာလေတဲ့….
ကောင်းပါလေ့… ကောင်းပါလေ့.…့လို့ပဲ ပြောလိုက်ရတော့တယ်….
-------------------------------------------------------------------------------------------------------------------
တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ….
ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့…..
ကလောရောက်တော့ နှစ်ညအိပ်တယ်... နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့
မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ
ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ…
ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး
ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ..
ကားကတစ်လမ်းလုံးကောင်းနေပြီးတော့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိ
နဲ့ပေါ့… ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ
မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင်
အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat
တိုက်တယ်လို့လဲခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး
ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေ၀ုန်းကနဲ
ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို
မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း…
အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေထွက်လာတယ်… အဲဒီမှာတင် ခေါင်းဆောင်
နိုင်ငံခြားသားကမေးလိုက်တယ်…
Are u crazy?
အာ ယူ ကလေးစီး… တဲ့....
ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့အထဲ အခုလိုလာပွားတော့
တင်းသွားပြီး
This is not ကလေးစီး. This is လူကြီးစီး……. ဆိုပြီးတော့ ပြောလဲပြော
ကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ၀ူး….
ကနဲနိုးသွားပြီးလိုရာခရီးကိုဆက်သွား ခဲ့ရတယ်လေ….
အဲဒီမှာတင်နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း
လူကြီးစီး.......လူကြီးစီး… ဆိုပြီးထအော်တော့တာပဲ….
------------------------------------------------------------------------------------------------------------------------------
ပုဂံက အမှတ်တရလက်ဆောင် ရောင်းတဲ့မိန်းမကြီးကလဲ

အင်္ဂလိပ်စကားကိုအရမ်းပြောတက် ချင်တာ… တိုးရစ်ဂိုက်တွေလာရင်
သူတို့ပြောတာကြည့်ပြီး အရမ်းကိုပြောတက်ချင်တာပေါ့..ခင်တဲ့ ဂိုက်တွေကလဲ
သင်ပေးတယ်… အားလဲပေးတယ် ပြောသာပြောအစ်မ မကြောက်နဲ့ မှားသွားရင်လဲ
ရှက်စရာမလိုဘူး သူတို့လဲ ဒီလိုနဲ့ပဲစခဲ့တာပဲ ဘာညာပေါ့နော…..
အဲဒီမှာတင်အားတွေရှိပြီးပြောချင်နေတော့တာပဲ…
ဒီလိုနဲ့ပဲ ခရီးသွားအဖွဲ့တစ်ခု သူ့ဆိုင်ကိုဝင်လာတယ်…. ခေါင်းဆောင်
ဂိုက်ကလဲ သူနဲ့ခင်နေတော့ အစ်မပြော မကြောက်နဲ့ ဆိုပြီး သင်ပေးတယ်
ပြောခိုင်းတယ်….
အဲဒီမှာ နိုင်ငံခြားသားတစ်ယောက်က ဘီလူးရုပ်ကလေးတစ်ခုကိုမေးလိုက်တယ်…..
How much is it? (ဘယ်လောက်လဲ)
It is 80$. ဒေါ်လာရှစ်ဆယ်ကျပါတယ်ပေါ့… အဲဒီအထိဟုတ်နေတုန်းပဲ…
နိုင်ငံခြားသား ဆက်ပြောလိုက်တာက…
Oh… very Expensive….
အစ်မကြီးက.. အင်္ဂလိပ်စကားလဲပြောချင် သူ့အရုပ်လေးမရောင်းရမှာကို
စိုးရိမ်ပြီးတော့ ပြောလိုက်တာက…
မExpensiveဖူးလေ… very cheap တယ်လေ… If you like I လျှော့ပေးမယ်လေ.. တဲ့…
ဂိုက်အစ်ကိုကြီးတောင် ပါးစပ်အဟောင်းသားဖြစ်သွားတယ်….
-----------
တစ်ခါက အဲဒီအစ်မကြီးကိုပဲ နိုင်ငံခြားသားတစ်ယောက်က အိမ်သာတက်ချင်လို့မေးတယ်…
Where is toilet? ဆိုတော့…
အိမ်သာကတည့်တည့်သွားလို့မရဘူး… ခြံရဲ့အစွန်မှာ… လမ်းမှာ
နှစ်ခါလောက်ကွေ့ရမှာ… အဲဒါနဲ့အစ်မကြီးပြောလိုက်တာက…
This way… you go. You go and ကွေ့ ...... ကွေ့ go         ဆိုပြီး
လက်ဟန်ခြေဟန်နဲ့ပြလိုက်တာ နိုင်ငံခြားသားလဲ အိမ်သာကိုတန်းရောက်သွားတယ်တဲ့…
သြော်..... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲလို့….  (from golden myanmar blog)

Sunday, November 6, 2011

အမောပြေ


လူတစ်ယောက် အများသုံး အိမ်သာထဲ ၀င်ပြီး ကမုတ်ထဲ ထိုင်ရုံ ရှိသေးသည်။ ပိာုဖက် အိမ်သာထဲက လူက လှမ်း နှုတ်ဆက်သည်။
"ပော့လူ နေကောင်းလား"

ဒီလို နေရာမျိုးမှာ အလာပ သလာပ စကား ပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ် တော့လည်း ပြန် နှုတ်ဆက် ရသည်ပဲပေါ့။

"ကောင်းပါတယ် ကျေးဇူးပါ"

အသေအချာ အကျအန ထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမယ် ကြံကာ ရှိသေး အလိုက် မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။

"ခင်ဗျား ဘာတွေ အလုပ်ရှုပ် နေတာလဲဗျ"

ပာာ.... ဒီလူတော့ ခက်ပြီ ... ဘာလဲကွာ ... ဒီလို နေရာမျိုးမှာ ဒီလို ဂွတီးဂွကျ မေးခွန်းမျိုးတွေ လာ မေးနေရတာလဲ။ စိတ်ပေါက်ပေါက်နှင့် ဘုတော ပစ်လိုက်သည်။


"ခင်ဗျားလိုပဲပေါ့ဗျာ"

ဘာဘဲဖြစ်ဖြစ် မြန်မြန် လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူး လိုက်သည်။ ဒါပေမဲ့ နောက်ထပ် မေးခွန်း တစ်ခု ထပ် ထွက်လာပြန်သည်။

"ကျွန်တော်လာခဲ့မယ်ဗျာ...ရမလား"

"ဗုဒ္ဓေါ...ဒီလူ ဘယ်လိုလူလဲ...ဂေးလား"

ဘာဘဲဖြစ်ဖြစ် ကိုယ် ကျင်လည် ကျက်စားရာ နေရာ မပာုတ်လို့ သတိတော့ ထားနေရသည်။ ထောင်းခနဲ ထွက်လာသော ဒေါသကို အသာ ချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။

"မလုပ်နဲ့လေဗျာ... ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ"
တဖက်က ဒုန်းကနဲ တံခါးဆောင့် ပိတ်သံ ကြားလိုက်ရပြီး ပိာုဖက်က ပြန်ပြောသည်။

"နောက်မှပဲ ပြန်ဆက်တော့မယ်... ပာိုဖက် အခန်းထဲက သောက်ပေါ တစ်ကောင်က ရူးသလို နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့"

----------------------------------------------------------------------------------

သည်းထိတ်ရင်ဖို

"မင်းရထားစီးရင်းနဲ့ သည်းထိတ်ရင်ဖို အဖြစ်မျိုး ကြုံဖူးလား"

"ကြုံဖူးပြီလားမောင်၊ တခါက မီးရထားစီးရင်း လိုဏ်ဂူထဲ ဖြတ်သွားတော့ မိန်းကလေး တစ်ယောက်ကို ငါ ဖက်နမ်းလိုက်တယ်။ လိုဏ်ဂူထဲက ထွက်လာတော့မှပဲ မိန်းကလေး အမေဖြစ်နေမှန်း သိတော့တာ။ အမလေး... တကယ့်ကို သည်းထိတ်ရင်ဖိုပါပဲ"
--------------------------------------------------------------------------
ဖအေတူသား

ကျောင်းမှာ စာတော်ပေမဲ့ စည်းမဲ့ကမ်းမဲ့ နေတတ်တဲ့ ကျောင်းသားကြောင့် ဆရာမက ဆုံးမဖို့ မိဘထံ စာ တစ်စောင် ပို့လိုက်ပါတယ်။ မကြာမီမှာပဲ ကျောင်းသား မိခင်ဆီမှ စာတစ်စောင် ရောက်လာပါတယ်။ "ဆရာမ ရှင့်... ကလေး ဖခင်သည်လည်း စည်းကမ်း မရှိပါသောကြောင့် ကျွန်မ မနည်း တာဝန် ယူနေရပါသည်။ သို့ဖြစ်သောကြောင့် သားကိုတော့ ဆရာမပဲ တာဝန်ယူ ပြုပြင်ပေးပါရန် ပန်ကြားအပ်ပါတယ်ရှင့်"

-----------------------------------------------------------------------------
"သားက ညတိုင်း မေမေနဲ့ အိပ်တော့ သား ကြီးလာလို့ မိန်းမ ယူရင်ကော မေမေနဲ့ပဲ အိပ်မလား"

"မေမေနဲ့ပဲ အိပ်မှာပေါ့"

"ဒီလိုဆိုရင် မေမေ့ ချွေးမ ဘယ်လို လုပ်မလဲ"

"ဖေဖေနဲ့ အိပ်ခိုင်းလိုက်မယ်"

ဖေဖေက သားစကားကို ၀င်ထောက်တယ်...

"အင်း...ဒီကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ သိတတ်လိုက်တာ"
-------------------------------------------------------------------------
ကျန်သူတွေ သိစေဖို့

"ကျွန်တော့် မိန်းမနဲ့ ကွာရှင်းလိုက်ပြီ ဆိုတဲ့ အကြောင်းကို ဂျာနယ်ထဲ ထည့်သွင်းချင်လို့ပါ"

"သတင်း အဖြစ်နဲ့တော့ ထည့်လို့ မရဘူးဗျ။ ကြော်ငြာ အနေနဲ့ ဆိုရင်တော့ ထည့်လို့ ဖြစ်တယ်။ ဒါထက် ဘာဖြစ်လို့ အဲဒီ အကြောင်းကို ဂျာနယ်မှာ ဖော်ပြချင်ရတာလဲဗျ"

"တခြား မိန်းမတွေ သိစေချင်လို့ပါ"
-----------------------------------------------------------------------------
သူ့အဖြေ

ဆရာဝန်- ဆေးလိပ် များများ သောက်ရင် ဘာဖြစ်နိုင်တယ် ဆိုတာ သိလား

လူနာ- ဟုတ်ကဲ့ မီးခိုးများများ ထွက်ပါတယ် ဆရာ
-----------------------------------------------------------------------
သူ့ရည်ရွယ်ချက်

"ငါ့သား မင်း ကျောင်းနေတာ ကြာလှပြီ။ အခုထက်ထိ တစ်နှစ် သုံးလေးကို တစ်ဆယ်ထက် ပိုပြီး မရေတတ်သေးဘူး။ ကြီးလာရင် ဘာလုပ်စားမလဲ"

"သားသား ကြီးလာရင် လက်ဝှေ့ပွဲ မှာ ဒိုင်လူကြီး လုပ်မယ် ဖေဖေ"
---------------------------------------------------------------------
ခင်ဗျားတို့ကိုး

ဆေးရုံမှ လင်မယားနှစ်ဦး ထွက်လာသည်။ လမ်းတွင် တက်စီ ငှားသည်။ မိန်းမက တက်စီသမားအား -

"ကျေးဇူးပြုပြီး ဖြေးဖြေးမောင်းပါနော်။ ကျွန်မတို့ နှစ်ယောက် မနေ့က အမောင်းကြမ်းတဲ့ ဒရိုင်ဘာနဲ့ တွေ့တာ ဆေးရုံ တက်လိုက်ရတယ်"

တက်စီသမား။ ။ သြော်...ခင်များတို့ကိုး။ ကြည့်စမ်း...ရုတ်တရက် ဆိုတော့ မမှတ်မိဘူး

-----------------------------------------------------------------------
ရပါတယ်

အဆိုသင်တန်းတွင် သင်တန်းသူ တစ်ဦးက နည်းပြအား မေးသည်။

"ဆရာ... ကျွန်မကို ရှင်းရှင်းပဲ ပြောပါ ဆရာ။ ကျွန်မ အသံက ဘယ်နေရာမှာမှ သုံးစားလို့ မရတော့ဘူးလား"

"ဟာ.. ဒီလိုလဲ မဟုတ်ပါဘူး။ ဥပမာ- မီးလောင်တာတို့၊ ရေနစ်တာတို့၊ ဓါးပြတိုက်ခံရတာတို့ ဆိုရင် ခင်ဗျား အသံဟာ အစားထိုးလို့ကို မရဘူး။ တကယ်ပြောတာ"
-----------------------------------------------------------------------
ဆရာ့ သြ၀ါဒ

"ဘယ်လိုမှို မျိုးကို စားရတယ်ဆိုတာ ဆရာ သိလားဟင်"

"ဘယ်မှို မဆို စားလို့ ရတယ် တပည့်ရဲ့... ဒါပေမဲ့ တချို့  မှိုတွေက တစ်ကြိမ်ပဲ စားလို့ရတယ်"

နုလုံးသွေးကြောကျဉ်း ရောဂါနှင့် ကြက်သွန်ဖြူ












ကြက်သွန်ဖြူတွင် အက် စ တာ (ester) အုပ်စု ဝင် ဒြပ်ပေါင်း ၁၃ မျိုး၊ အမိုင်နို အက်စစ် ၉မျိုး၊ တိုင်တေနီ ယမ်အုပ်စု ဝင် ဒြပ်ပေါင်း ၈ မျိုး၊ ဂလူ့ကို့ဆိုက် (glucoside) အုပ်စုဝင်ဒြပ်ပေါင်း ၁၂ မျိုး၊ အင်ဇိုင်း ၁၁ မျိုး၊ ဆာလ်ဖာ၊ ဘန်ဇင်းဆီ၊ သွပ်ဓာတ်စသည်တို့ ပါဝင်၏။
နှလုံးသွေးခဲခြင်း သွေးကြော နှလုံးဆီသို့ အောက်ဆီဂျင် လုံလောက်စွာ မရရှိသည့် ရောဂါများ အတွက် ကြက်သွန်ဖြူကို တစ်နေ့ လျှင် ၁ ကျပ်သားခန့် ပြုတ်စားပါက သက်သာ ပျောက်ကင်းနိုင်သည်။ အစိမ်းအတိုင်း စားပါက အစာအိမ်ရောဂါ ရနိုင်သဖြင့် သတိနှင့် ဆင်ခြင်ပါလေ။ အကယ်၍ နှလုံး ကြွက်သား ပုပ်သည့် (Myocardial Infarct) ရောဂါကိုတော့ ကြက်သွန်ဖြူဖြင့် ကုသပျောက်ကင်း နိုင်စွမ်းမရှိဟု သိရသည်။]


ကေတီအောင်သိန်း(ရန်ကုန် တက္ကသိုလ်)

ရေသောက်ခြင်း၏ အကျိုးများ


ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ

  • နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
  • အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
  • ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
  • မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။


ရေအကျိုး ဆယ်ပါး

  • ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
  • ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
  • ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။
  • ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
  • ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
  • ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
  • ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။
  • ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
  • အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
  • ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်

  • အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
  • တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
  • ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
  • ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
  • ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။
  • ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
  • ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
  • ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
  • ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။